ဟုမ္မလင်းမြို့၌ ပလတ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များစနစ်တကျ စွန့်ပစ်‌ရေးတို့အတွက် (Plastic Campaign) ဆောင်ရွက်

ဟုမ္မလင်း စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊မြို့နယ်ရေအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာလှပစေရန်၊ ပလတ်စတစ်ကင်းစင်ရေးနှင့်အမှိုက်များစနစ်တကျစွန့်ပစ်‌ ရေးတို့အတွက် Plastic Campaign ဆောင်ရွက်မှုအား၊  ယမန်နေ့နံနက် (၈)နာရီခွဲအချိန်ကဟုမ္မလင်းမြို့နယ်၊ နားနှုံးကျေးရွာ ချင်းတွင်းမြစ်ကမ်းနားတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 အဆိုပါ Plastic Campaign ဆောင်ရွက်မှုတွင်၊ ဟုမ္မလင်းမြို့နယ်အ‌ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုတိယဦးစီးမှူး ဒေါ်သန္တာလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက Plastic Campaign ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ Plastic Campaign အားဆောင်ရွက်ခဲ့ပြီးနောက်၊ ဟုမ္မလင်းမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ "ပလတ်စတစ်ညစ်ညမ်းမှုကို ပူးပေါင်းကာကွယ်ဖြေရှင်းကြပါစို့" ပတ်ဝန်းကျင်သာယာလှပစေဖို့ ပလတ်စတစ်အမှိုက်ကင်းစင်ရေးဆောင်ရွက်ကြပါစို့" စသည့်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)