ဟင်္သာတခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ပူးပေါင်းအဖွဲ့တို့မှ အင်ပင်စျေးအတွင်း ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်

မြန်အောင် စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အင်ပင်မြို့ စည်ပင်သာယာစျေးအတွင်းရှိ စျေးဆိုင်များအား ယနေ့နံနက်က ဟင်္သာတခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ပူးပေါင်းအဖွဲ့တို့မှ ရှောင်တ ခင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စျေးဆိုင်များအား ရှောင်တခင်စစ်ဆေးခြင်းကို ဟင်္သာတခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်အောင်မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အစားအသောက်များတွင် ကျန်းမာရေးကို ထိခိုက်စေနိုင်သော သုံးစွဲရန်ခွင့်မပြုသည့် ဓါတုကြာရှည်ခံဆိုး ဆေးများပါဝင်နေမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ပြည်သူများစားသောက်ရာတွင် အန္တရာယ်ကင်းသော အစားအစာရရှိရေးအတွက် အဓိကဆောင်ရွက်ရမည့်အချက်(၅)ချက်တို့အား အသိပေးပြောကြားခဲ့ကြကြောင်း သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)