ခန္တီး စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီအထိမ်းအမှတ် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဖူဆယ်ဘောလုံးပြိုင်ပွဲကို သြဂုတ်လ(၂၇)ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ဆုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၉ ရက်နေ့က ခန္တီးမြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် နာဂယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌ ဦးအောင်ထွဋ်၊ နာယက ဦးမြတ်ကို၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးဇော်နိုင်ဦးတို့က ပြိုင်ပွဲတွင်ပါဝင်ကူညီဆောင်ရွက်ပေးသော ဆေးအဖွဲ့နှင့် ဒိုင်လူကြီးများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့် အဖွဲ့ဝင်များ၊ ခန္တီးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဂိုးသမားအကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အလယ်တန်း အကောင်းဆုံးဆု၊ အရှေ့တန်းအကောင်းဆုံးဆု၊ အသန့်ရှင်းဆုံးအကောင်းဆုံးဆုရရှိသည့် ကစားသမားများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ခန္တီးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ ခန္တီးခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီးသက်ထွဋ်၊ ခန္တီးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးဇော်မောင် တို့က ၂၀၂၅ ခုနှစ်၊ မိုးရာသီအထိမ်းအမှတ် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဇေယျာအောင်အသင်း၊ ဒုတိယဆုရရှိသည့် မုန်တိုင်းအသင်း၊ တတိယဆုရရှိသည့် H7 အသင်းတို့အား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်းသိရသည်။
ကမ်းကီး(ပြန်/ဆက်)