ကျိုက်လတ် စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သက်ကြီးဘိုးဘွားများအား ယမန်နေ့နေ့လယ်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန့်ဇော်မောင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ဓမ္မဝိဟာရဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရေး၊ ရောဂါများ ဖြစ်ပွားနေပါက စောလျင်စွာကုသခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများမဖြစ်ပေါ်စေရေး၊ ဆောင်ရန်/ရှောင်ရန်များအား သေချာစွာ သိရှိနားလည်ပြီးသက်တမ်းစေ့ နေထိုင်သွားနိုင်စေရေး၊နှလုံး၊ သွေးတိုးနှင့် ဆီးချိုရောဂါများ အခမဲ့စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်(ပြန်/ဆက်)