အင်္ဂပူ စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မကျီးကုန်းကျေးရွာအုပ်စု၊ ကမ်းနားရွာသစ်ကျေးရွာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ဖြင့် ကွန်ကရစ်ကျောက်ပြားခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို စက်တင်ဘာလ ၉ ရက်နေ့လည်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဦးစွာ အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းနိုင်က လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်လင်းတင်ပြခဲ့သည်။ ထို့နောက် မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်တင်အောင်နှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး လမ်းရေရှည်တည့်တံ့ခိုင်မြဲအတွက် ဝိုင်းဝန်းဆောင်ရွက်ရန် မှာကြားခဲ့သည်။
အဆိုပါ ကွင်းကမ်းနားရွာသစ် ကွန်ကရစ်လမ်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် နိုင်ငံတော်မှ ထောက်ပံ့ငွေ ၁၅.၀၀ သန်းနှင့် ပြည်သူ့ထည့်ဝင်ငွေ ၃.၀၀ သန်း၊ စုစုပေါင်း ၁၈.၀၀ သန်းဖြင့် လမ်းအရှည် ၆၇၀ ပေ၊ အကျယ် ၃ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းအမျိုးအစားဖြစ်ပြီး အဆိုပါကျေးရွာမှ အိမ်ထောင်စု(၁၄၅)စု၊ လူဦးရေ(၅၀၂) ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးများ ယခင်ကထက် ပိုမိုတက်လာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)