ကန့်ဘလူမြို့၌ စားအုန်းဆီများ စျေးနှုန်းသက်သာစွာ ရောင်းချပေး

ကန့်ဘလူ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဌာနဆိုင်ရာများ၊ ဆီလုပ်ငန်းရှင်များ၊ ဆီကုန်သည်များ ပူးပေါင်းကာ ရပ်ကွက်နေပြည်သူများအား စားအုန်းဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချ ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ ရွှေကျွန်းတောလမ်းဘေး၌ ရောင်းချပေးသည်။

ထိုသို့ စားအုန်းဆီများ ရောင်းချပေးရာတွင် ရပ်ကွက်နေပြည်သူတစ်ဦးလျှင် စားအုန်းဆီ ၅၀ ကျပ်သားလျှင်ငွေ ၃,၉၅၀ ကျပ်ဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခြင်းဖြစ်ပြီး အဆိုပါနေ့က ကျန်ရပ်ကွက်များဖြစ်သည့် အမှတ်(၁/၃/၄/၅) ရပ်ကွက်များတွင်လည်း သတ်မှတ်နေရာ အသီးသီး၌ အဖွဲ့များခွဲကာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)