ဒေးဒရဲ စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်သည် ဆန်စပါးအား အဓိကစိုက်ပျိုးလုပ်ကိုင်သည့် ဒေသဖြစ်သည်နှင့်အညီ ဆန်စပါးကြိတ်ခွဲထုတ်လုပ်သည့် ဆန်စက်များ သတ်မှတ်ချက်များနှင့်အညီ ဆန်စပါးထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ယမန်နေ့နံနက်ပိုင်း မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကြည့်ရှုစစ်ဆေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အမှတ်(၁)ရပ်ကွက်၊ တော်တနီးကွက်သစ်ရှိ အေဝမ်းဆန်စက်၊ ဝန်းရံခဆန်စက်၊ မိဘမေတ္တာဆန်စက်နှင့် အမေ့သားဂုဏ်ရောင်စသည့် ဆန်စက်များသို့ ကွင်းဆင်း၍ အရည်အသွေးပြည့်မီသည့် ဆန်စပါးများ သတ်မှတ်ချက်များနှင့်အညီ ကြိတ်ခွဲထုတ်လုပ်ရောင်းချနိုင်ရေး၊ အချိန်အတွယ်နှင့် အလေးချိန် ပြည့်မီမှန်ကန်စွာ ထုတ်ပိုးရောင်းချစေရေး၊ စပါးအခြောက်ခံစက်များ တပ်ဆင်ထားရှိမှုများနှင့် စွန့်ပစ်ပစ္စည်းများအား သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေရေး စနစ်တကျ စွန့်ပစ်နိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
အေဇာလင်း