ရွှေသောင်ယံမြို့ အ.ထ.က(ရွှေသောင်ယံ)တွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ရွှေသောင်ယံ စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ.ထ.က(ရွှေသောင်ယံ)တွင် စက်တင်ဘာလ ၉ ရက်နေ့နံနက်(၁၀)နာရီက ရွှေသောင်ယံမြို့ ပြည်သူ့ဆေးရုံမှ ဒေါက်တာစည်သူဦးဆောင်၍ သဘော့ကန် ကျေးလက်ကျန်းမာရေးဌာနအောက်ရှိ ပြည်သူ့ကျန်းမာရေးဆရာမများမှ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းလုပ်ငန်းများကို‌ ဆောင်ရွက်ခဲ့ကြသည်။

သို့ရာတွင် လာရောက်ပြသသော ကျောင်းသား၊ ကျောင်းသူများအား ဒေါက်တာစည်သူမှ ကျန်းမာရေးစစ်ဆေးပေး၍ လိုအပ်သောဆေးပေး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက်ကျန်းမာရေး အသိပညာပေးဟောပြောပွဲတွင် မိုးရာသီ၌ အဖြစ်များသော သွေးလွန်တုတ်ကွေးရောဂါအကြောင်း၊ ခြင်၊ ယင်များ ပေါက်ဖွားနိုင်သောနေရာများအား သန့်ရှင်းသပ်ရပ်စေရန် မကြာခဏရှင်းလင်းခြင်း၊ ရေများအားလဲလှယ်ခြင်းတို့ ပြုလုပ်ကြရန် လိုအပ်ကြောင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုကို ပြုလုပ်ဆောင်ရွက်ကြခြင်းဖြင့် ရောဂါအန္တရာယ်များမှ ကင်းဝေးစေမည်ဖြစ်ကြောင်း ဟောပြော ဆောင်ရွက်ခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)