ကျွန်းလှမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြသ

ကျွန်းလှ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော၊ စာအုပ်စာစောင်နှင့် နံရဲကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီက ပျဉ်းမမြိုင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်များ၊ ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာကာကွယ်ပေးရေး၊ ကလေးအလုပ်သမားဥပဒေ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ကြည့်ရှုလေ့လာခဲ့ကြသည်။

မျိုးဝင်းညို ကျွန်းလှ