ငပုတောမြို့နယ်၌အမှိုက်(၄) မျိုး ခွဲခြားစွန့်ပစ်မှုအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

ငပုတော စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်အမျိုးအစား(၄)မျိုးခွဲခြားနည်းနှင့် အမှိုက်ပုံးအရောင်ခွဲသတ်မှတ်ခြင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ငပုတောမြို့ အခြေခံပညာအလယ်တန်းကျောင်း ရွှေမြကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ် စည်ပင်သာရေး‌ကော်မတီဥက္ကဋ္ဌ ဦးသန်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒေါ်နီလာဦးက ကျောင်းသား/သူများအား ‌သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်နိုင်စေရန်အတွက် အမှိုက်စို၊ အမှိုက်‌ခြောက် ၊ပလတ်စတစ်အမှိုက်နှင့် ဘေးအန္တရာယ်ရှိစေသော အမှိုက်အမျိုးအစား စနစ်တကျခွဲခြား၍ စွန့်ပစ်ရန်လိုအပ်ကြောင်းနှင့် အမှိုက်ပုံးအရောင်သတ်မှတ်ခြင်းတို့ကို ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့သည်။

ထို့နောက် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ကျောင်းသား/ သူများအား စွန့်ပစ်အမှိုက်(၄) မျိုးအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)