နတ်မောက် စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်း အသက်(၈၅)နှစ်အထက် အဘိုး/ အဘွား(၇၁၀)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ထုတ်ပေးခဲ့သည်။
ထိုသို့ ထောက်ပံ့ငွေများထုတ်ပေးခဲ့ရာတွင် ၂၀၂၅-ခုနှစ်ဘဏ္ဍာရေးနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် အဘိုး/ အဘွားတစ်ဦးလျှင် တစ်လငွေကျပ် (၁၀၀၀ဝိ/-)နှုန်းဖြင့် အဘိုး(၂၂၁)ဦးနှင့် အဘွား(၄၈၉)ဦး စုစုပေါင်း(၇၁၀)ဦးတို့အတွက် ထောက်ပံ့ငွေကျပ် (၄၂၂၇၀၀၀ဝိ/-) ကိုထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။
လှဝင်း