ရွှေတောင် စက်တင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို စက်တင်ဘာ ၈ ရက်မှ ၁၉ ရက်အထိ ထုတ်ပေးသွားမည်ဖြစ်သည်။
အဆိုပါလူမှုရေးပင်စင်ထောက်ပံ့ကြေးငွေအား အသက် ၈၅ နှစ်အထက် အဘိုးအဘွားများကို ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် (ဧပြီ လမှ စက်တင်ဘာလ) ထိ ရွှေတောင်မြို့နယ် မြို့ပေါ် (၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၈) အုပ်စုအတွင်းရှိ ဘိုး၊ ဘွား(ဘိုး၊ ဘွား ၈၉၂) ဦးအား မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဘိုး၊ ဘွားတစ်ဦးလျှင် တစ်လ(၁၀၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၆) လစာထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)