ဆင်ပေါင်ဝဲမြို့၌ စည်သွပ်ဘူးအစားအစာအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေး

ဆင်ပေါင်ဝဲ စက်တင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆငိပေါင်ဝဲမြို့နယ်၌ စည်သွပ်ဘူးအစားအစာအမျိုးမျိုးအား ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် စျေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးစီးမှူးဦးနိုင်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစည်သူကျော်နှင့် ဝန်ထမ်းများ၊ ​မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် စျေးကွက်အတွင်း ရောင်းချနေသော အသင့်စားစားသောက်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ရောင်းချသည့် စျေးနှုန်းများနှင့် စျေးနှုန်းစျေးကွက်အခြေအနေတို့ကို စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)