ရွှေဘိုမြို့၌ မူးယစ်​ဆေးဝါးအန္တရာယ်အသိပညာ​ပေး​ ဟော​ပြောပွဲကျင်းပ

​ရွှေဘို စက်တင်ဘာ ၉

စစ်ကိုင်းတိုင်း​ဒေသကြီး​ရွှေဘိုခရိုင် ​ရွှေဘိုမြို့ အမှတ် (၅) အ​​ခြေခံပညာအထက်တန်း​ကျောင်းတွင် မူးယစ်​ဆေးဝါးအန္တရာယ် အသိပညာ​ပေး​ဟော​ပြောပွဲကို ယ​နေ့နံနက် ၁၀ နာရီချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ဟော​ပြောပွဲတွင်၊​ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး​ ရွှေဘိုခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိ​က ​မူးယစ်​ဆေးဝါးအန္တရာယ်အ​ကြောင်းအသိပညာ​ပေး​ဟော​ပြောကာ ကျောင်းစာပြင်ပဗဟုသုတများ ရှာမှီး​စေလို​ကြောင်း၊မိမိတို့ဌာန၏စာကြည့်တိုက်တွင်သုတ၊ ရသစာအုပ်စာ​စောင်များ များစွာရှိပါ​ကြောင်း ကျောင်းသား/သူများအ​နေဖြင့် အသင်းဝင်ရောက်၍လာရောက်ငှားရမ်းဖတ်ရှုလေ့လာနိုင်ကြောင်း စသည်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။

ထို့​​နောက် ​ရွှေဘိုမြို့မဒုစခန်းမှူးမှ မူးယစ်​ဆေးအမျိုးအစားများအ​ကြောင်း၊ မူးယစ်​ဆေးသုံးစွဲသူခံစားရသည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊​ မူးယစ်​ဆေးဝါးနှင့်ပတ်သက်သည့် ဥပ​ဒေ၊ နည်းဥပ​ဒေများ၊ ပြစ်မှု့နှင့်ပြစ်ဒဏ်များ၊ ကျောင်းသား၊ ​ကျောင်းသူများသိရှိလိုက်နာရမည့်အချက်များ၊ မူးယစ်​ဆေးဝါးပ​ပျောက်​အောင်ပူး​ပေါင်းနှိမ်နင်းကာကွယ်ရန်​အကျယ်တဝင့်​ ဆွေး​နွေးပြောကြားခဲ့သည်။

ဟော​ပြောပွဲတွင် အထက်တန်း​ကျောင်းသား/သူများဆရာ၊ ဆရာမများတက်​ရောက်ခဲ့​ပြီး၊ ​ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ပြသထား​သောစာအုပ်စာ​စောင်များအသိပညာ​ပေး နံရံကပ်စာ​​​​စောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့​ကြောင်း သိရသည်။

အေးမြင့်စန်း

ခရိုင် (ပြန်/ဆက်)