ဖျာပုံမြို့၌ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဆောင်ရွက်

ဖျာပုံ စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွန်မှုဖြင့်အမှတ် (၈၀) ယာဥ်ထိန်းတပ်ဖွဲ့စု (ဖျာပုံ) မှတာဝန်ရှိသူများသည်  မြို့နယ်အတွင်း သွားလာလျက်ရှိကြသော မော်တော်ယာဥ်မောင်းနှင်ကြသူများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ခြင်းကို့ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်း လိုက်လံအသိပညာပေးဆောင်ရွက်ကြသည်။

အဆိုပါ ယာဥ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ရာတွင် အမှတ် (၈၀) ယာဥ်ထိန်းတပ်ဖွဲ့စု (ဖျာပုံ) မှ ဒုရဲအုပ်ဝိုင်းအောင်ချစ်နှင့် တပ်ဖွဲ့ဝင်များ ၊မြို့နယ်ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများသည် မြို့နယ်အတွင်းသွားလာလျက်ရှိသော မော်တော်ဆိုင်ကယ်စီးသူများ လိုက်နာရန် စည်းကမ်းချက်များနှင့်ဆောင်ရန်/ ရှောင်ရန်စည်းကမ်းများ၊ ဆိုင်ကယ်စီးနင်းမောင်နှင်ရာတွင် ဆိုင်ကယ်ဦးထုပ်ဆောင်းကြရန်၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကိုလိုက်နာကြရန် အသိပညာပေးဟောပြောခြင်းကို မြို့နယ်အတွင်း လမ်းဆုံလမ်းဂွများ၊ မြို့ဝင်၊ မြို့ထွက်နေရာများတွင် လိုက်လံဟောပြောဆောင်ရွက်ကြကြောင်းသိရှိရသည်။

အောင်ဝင်းနိုင်

ဖျာပုံခရိုင် (ပြန်/ဆက်)