ဒိုက်ဦး စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေးကို ယမန်နေ့နံနက်(၉)နာရီအချိန်က အခြေခံပညာမူလတန်းလွန်(ရွာတန်းရှည်)ကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်သူဇာအေးက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုဦးစီးမှူးဒေါ်သိမ့်သိမ့်ဝင်းက ကလေးသူငယ်ကာကွယ်စောင့်ရှောက်ပိုင်ခွင့်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဆွေသက်အောင်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးသိကောင်းစရာအသိပညာပေး ဟော ပြောပေးသည်။
ဆက်လက်၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအသိပညာပေးနံရံကပ်စာစောင်ပြသခြင်း၊ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်ကာ စာအုပ်စာစောင်များကို ပြသဆောင် ရွက်ပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာလေ့လာဖတ်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)