ဟင်္သာတမြို့နယ်တွင် အခွန်ဆိုင်ရာ ကိစ္စရပ်များနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်

ဟင်္သာတ စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က အခွန်ဆိုင်ရာ ကိစ္စရပ်များနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဟင်္သာတမြို့နယ် အခွန်ဦးစီးဌာနမှူး ဦးအောင်လွင်က ၂၀၂၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပါအဝင် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် အခွန်ထမ်းပြည်သူများနှင့် လုပ်ငန်းရှင်များမှ မရှင်းလင်းသည့်ကိစ္စရပ်များနှင့် အခြားသိရှိလိုသည်များကို မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဟင်္သာတမြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် အခွန်ထမ်းပြည်သူများနှင့် မြို့ပေါ်လုပ်ငန်းရှင်များ၊ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)