ပခုက္ကူမြို့နယ်တွင် ကမ္ဘာ့ဆရာများ​နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ

ပခုက္ကူ စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်း(မြစ်ကိုင်း)၌ ကျင်းပပြုလုပ်သည်။

အဆိုပါပြိုင်ပွဲတွင် ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး စာစီစာကုံးပြိုင်ပွဲခေါင်းစဉ်မှာ အထက်တန်းအဆင့်တွင် “ဆရာ့ဂုဏ်ရည်”၊ အလယ်တန်းအဆင့်တွင် “မြတ်ဆရာ”၊ ကဗျာပြိုင်ပွဲခေါင်းစဉ်မှာ အထက်တန်းအဆင့်တွင် “ပညာပြည့်ဝနှလုံးလှ” နှင့် အလယ်တန်းအဆင့်တွင် “ထာဝရအလင်းရှင်”တို့ ဖြစ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ဆရာဆရာမများ၏ ကျေးဇူးတရားများကို သိရှိနားလည်တတ်စေရန်နှင့် မြှင့်တင်ဖော်ကျူးရေးသားတတ်စေရန်၊ ကျောင်းသင်ခန်းစာများအပြင် ပြင်ပစာအုပ်စာပေကောင်းများ အစဉ်ဖတ်ရှုလေ့လာတတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ခင်တိုးဝင်းထံက သိရသည်။

ဘာမီသာ(ပခုက္ကူ)