ဘိုကလေးမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဘိုကလေး စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။

ဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ ဘိုကလေးမြို့မစခန်းမှူး ဒုရဲမှူးကျော်ဦး၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ ကျောင်းသူများ အင်အား (၁၅၀) ဦးခန့် တက်ရောက်ကြပြီး ဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်က ကျောင်းသား/သူများအနေဖြင့် အွန်လိုင်းသုံးစွဲမှုများအပေါ်၌ သတိထားရှိသုံးစွဲစေရေး၊ အလိမ်လည်ခံရမှုများမဖြစ်စေရေးအတွက် လမ်းညွှန်အမှာစကားပြောကြားပြီး ဘိုကလေးမြို့မစခန်းမှူး ဒုရဲမှူးကျော်ဦးက ဆက်သွယ်ရေးလိမ်လည်မှုဖြစ်စဉ်များ၊ ဥပဒေအရ အရေးယူဆောင်ရွက်မှုများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင် ဥပဒေအရာရှိ ဒေါ်ရတနာမျိုးက ဆက်သွယ်ရေးလိမ်လည်မှုနှင့် စပ်လျဉ်းသောဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များအား အသီးသီးရှင်းလင်းပြောကြားပြီး ဟောပြောပွဲတက်ရောက်လာကြသူများအား လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာနမှပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုအားပြသခဲ့ကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)