မင်းလှမြို့၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မင်းလှ စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အမျိုးသမီးဘဝဖွံ့ဖြိုးဖို့ ဝိုင်းဝန်းဆောင်ရွက်စို့ ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က မင်းလှမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာများနှင့် ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ အမျိုးသမီးများ ဘဝဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်နော်အဲ(လ်စ်)က မင်းလှမြို့နယ်တွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)