ဟိုင်းကြီးကျွန်း စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ကဗျာ၊ပန်းချီ၊ကာတွန်း၊ခဲပန်းချီနှင့် ပေးစာပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အ.ထ.က ဟိုင်းကြီးအခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား ထက်၊လယ်၊မူအဆင့်အလိုက် စာစီစာကုံး၊ကဗျာ၊ပန်းချီ၊ကာတွန်း၊ခဲပန်းချီနှင့် ပေးစာပြိုင်ပွဲများကျင်းပပေးခဲ့ပြီး ထူးထူးချွန်ချွန်ဆုရရှိခဲ့ကြသူများအား ကျောင်းအုပ်ဆရာကြီး ဆရာ၊ဆရာမများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကာ ထူးချွန်လက်ရာများအား ကျောင်းသား/ ကျောင်းသူများ ကြည့်ရှုလေ့လာနိုင်စေရေး ခင်းကျင်းပြသထားပြီး ကျောင်းသား/ ကျောင်းသူများ၏ အရည်အသွေးပိုမိုတိုးတက်လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မျိုးအောင်
ဟိုင်းကြီးကျွန်း (ပြန်/ဆက်)