ကန်ကြီးထောင့်မြို့နယ်၌ တလုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်

ကန်ကြီးထောင့် စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တလုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးလှမြင့်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပုသိမ်အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအေးမင်းထွန်းက သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်း‌ပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးလှမြင့်၊ ပုသိမ်အစိုးရ နည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအေးမင်းထွန်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သဉ္ဇာညွှန့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများက တက်ရောက်ခဲ့ကြသည်။ အဆိုပါ သင်တန်းတွင် ကျေးရွာအုပ်စု (၆) အုပ်စုရှိကျေးရွာ (၈) ရွာမှ သင်တန်းသား (၂၀) ဦးတို့အား တလုံးထိုးဒီဇယ် အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်းနှင့်ပတ်သက်၍ စာတွေ့၊ လက်တွေ့ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလအား စက်တင်ဘာလ (၉) ရက်နေ့မှ (၂၃) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)