ပခုက္ကူ စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော် လူရွေးပွဲကို ယနေ့နံနက်ပိုင်းက ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ကျောင်းသားအားကစားပွဲတော်လူရွေးပွဲတွင် ဘောလုံးပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲများ၊ စားပွဲတင်တင်နစ်ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ စသည့်အားကစားပြိုင်ပွဲ အမျိုးအစားများပါဝင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ အသက် ၁၈ နှစ်အောက် ကျောင်းသား ကျောင်းသူ ၃၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း၊ ပြိုင်ပွဲဝင်များမှ ကျောင်းသား ကျောင်းသူ ၇၀ ဦး ရွေးချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် ခရိုင်အဆင့် အားကစားပြိုင်ပွဲများတွင် ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)