ကျောင်းကုန်းမြို့၌ "သစ်တောမြေပြင်ပ သစ် တောသစ်ပင်များ၏‌ အရေးပါမှု" အသိပညာပေး ဟောပြောပွဲကျင်းပ

ကျောင်းကုန်း စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကျောင်းအိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့က "သစ်တောမြေပြင်ပ သစ်တောသစ်ပင်များ၏ အရေးပါမှု"အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရေကြည်မြို့နယ်သစ်တောဦးဌာန ဦးစီးအရာရှိ ဦးတင်ထူးနိုင်က သစ်တောများအကြောင်း သိကောင်းစရာများ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုအခြေအနေ၊ သစ်တောပြုန်းတီးမှုကိုဖြစ်စေသည့် အကြောင်းအရာများနှင့်ဆက်စပ်၍ သစ်တောမြေ ပြင်ပသစ်တောသစ်ပင်များ၏ အဓိပ္ပါယ်ဖွင့်ဆိုမှု၊ သစ်တောမြေပြင်ပ သစ်ပင်များမှ ပေးစွမ်းသည့်အကျိုးကျေးဇူးများ၊ သစ်တောဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် သစ်တောမြေပြင်ပ သစ်ပင်များကို ထိန်းသိမ်းကာကွယ်ဖို့ လုပ်ဆောင်ရမည့်အကြောင်း အရာများအား အသိပညာပေးဟောပြောခဲ့ပြီး၊"သစ်တောနှင့်ရာသီဥတုပြောင်းလဲမှု တားဆီးကာကွယ်ရေး" ခေါင်းစဥ်ဖြင့် စာစီစာကုံးဆုရ ကျောင်းသူ/သားများကို ဆုလက်ဆောင်များ ပေးအပ်ခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ကျောင်းကုန်းမြို့နယ်၊ ကျောင်းအိုင်ကျေးရွာ၊ အခြေခံပညာအ လယ်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် သစ်တောဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး၊၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲတော်နေ ရာသို့သွားရောက်ကာ ဆရာ/ဆရာမများနှင့် ကျောင်းသူ/သားများအား စိုက်ပျိုးသည့် သစ်မျိုးများအကြောင်း ရှင်းလင်းပြောကြားခြင်း၊ သိရှိလိုသည်များကို ဦးစီးအရာရှိနှင့် ဝန်ထမ်းများမှဖြေကြားပေးခြင်း၊ အမှတ်တရပျိုးပင်များပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)