ကျိုက်လတ်မြို့နယ်၌ Online လိမ်လည်မှုများနှင့် စပ်လျဉ်းသည့် အသိပညာပေး ဟောပြောပွဲကျင်းပ

ကျိုက်လတ် စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် Online လိမ်လည်မှုများနှင့် စပ်လျဉ်းသည့် အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာလ(၈)ရက်၊ နေ့လယ်ပိုင်း က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးရဲမှူးကျော်စိုးက Online မှတစ်ဆင့် လိမ်လည်ဖြားယောင်းမှုများနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးဇေလွင်မောင်က လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးခြင်း၊ အွန်လိုင်းလိမ်လည်မှုပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် မြို့နယ်ကုသရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာ ရွှန်းဝေအိ က ကျန်းမာရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် Online မှတစ်ဆင့် လိမ်လည်ဖြားယောင်းမှုများနှင့်ပတ်သက်၍ အသိပညာပေး Video Clip အားပြသပေးခဲ့ရာ ကျောင်းသား/သူ များက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ် (ပြန်/ဆက်)