စလင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးသရုပ်ပြသခြင်း ပေါင်းနားရပ်ကွက်နေ ပြည်သူများအား စမ်းသပ်မဲပေးမှု အသိပညာပေးသရုပ်ပြ

စလင်း စက်တင်ဘာ ၉

မကွေးတိုင်းတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး၊ မဲဆန္ဒရှင်ပြည်သူများ ရွေးကောက်ပွဲတွင်အသုံးပြုမည့်၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကို လက်တွေ့အသုံးပြုနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့စမ်းသပ်ခြင်း၊ အသိပညာပေးလုပ်ငန်းကို၊ ရပ်ကွက်များအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ပေါင်းနားရပ်ကွက်ရှိ ရှင်ပင်ပိဿနာဘုရား အာရုံခံတန်ဆောင်းအတွင်း၌  ကျင်းပဆောင်ရွက်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်က ပေါင်းနားရပ်ကွက်နေပြည်သူများအား ရွေးကောက်ပွဲကော်မရှင်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ၊ ဒေါ်ကြည်ကြည်ထွေး​မှ မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်(MEVM)မဲပေးစက်  အသုံးပြုပုံနည်းစနစ်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဥပဒေအရာရှိ ဦးကျော်ဇေယျာလင်းက ရွေးကောက်ပွဲကော်မရှင်နှင့်ပတ်သက်သည့် ဥပဒေအကြောင်း  အရာများကို အကျယ်တဝင့် ရှင့်လင်းဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စလင်းမြို့ ပေါင်းနားရပ်ကွက်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများမှ မဲပေးစက်အသုံးပြု၍ မဲပေးပုံစနစ်များအား လေ့လာခဲ့ပြီး လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)