မကွေးတိုင်းဒေသကြီး (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေး စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယ‌မန်နေ့နံ့နက် (၉) အချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ တိုင်း‌ဒေသကြီးတရားလွှတ်တာ် တရားသူကြီးချုပ် တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် ၀န်ကြီးများနှင့် ဇနီးများ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများ အဆို၊ အက၊ အရေး၊ အတီး ပညာရှင်များ၊ ဆရာ/ဆရာမများ ကျောင်းသား/သူများ တက်ရာက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး အဆင့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ အစိုးရအဖွဲ့၀င်၀န်ကြိးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဦးတည်ချက်(၅)ရပ်ဖြစ်သည့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်နှင့် မျိုးဆက်သစ်လူငယ်များအကြားတွင် အမျိုးသားရေး စိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တေးသံရှင်ဝိုင်းချစ်နှင့် အခြေခံပညာကျောင်းသူလေးများမှ “ဖိတ်ခေါ်ပါရစေမကွေးမြို့” သီးချင်းဖြင့်လည်းကောင်း နွေရာသီတယောသင်တန်းမှ မောင်လွင်သန့်ထူးအောင်က တိမ်တမန်သီချင်းဖြင့်လည်းကောင်း၊ နွေရာသီတယောသင်တန်း အဖွဲ့မှ ကျောင်းသား/သူလေးများက အလှကမ္ဘာမြေသီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာ‌ကျောင်းမှ ကျောင်းသား/သူနှစ်ဦးက နှစ်ပါးသွားအကဖြင့်လည်း‌ကောင်း အသီးသီး သီဆိုဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဒိုင်အဖွဲ့ဝင်များနှင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအားရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။ မကွေးတိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စက်တင်ယ‌နေ့မှ စက်တင်ဘာ (၁၀) ရက်အထိ (၃) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်ဆက်)