စလင်း စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့နယ်အတွင်းဒေသဖွံ့ ဖြိုးရေးနှင့် ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန်အတွက် လမ်းတံတား အုတ်ရေမြောင်းနှင့် ဒေသဖွံ့ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ပေါင်းနားရပ်ကွက် အတွင်းရှိ ကွန်ကရစ်လမ်းနှင့် အုတ်ရေမြောင်း၊ ရာနှုန်း ပြည့်ပြီးစီးနေမှုအား ယနေ့ နံနက်ပိုင်းက၊ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စလင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအေးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဦး တာဝန်ခံအင်ဂျင်နီယာ ဦးဖြိုးမင်းဝင်း ဝန်ထမ်းများနှင့်အတူ စလင်းမြို့နယ်ဒေသဖွံ့ဖြိုးရေးအ တွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဌာနခွင့်ပြု ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၄၆ ဒဿမ ၁၈ သန်းဖြင့် ပေါင်းနားရပ်ကွက်နှင့် ကျေးရွာခြင်းဆက်လမ်းဆုံနေရာတွင် အရှည် ၄၉၅ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၈ လက်မ ကွန်ကရစ်လမ်း၊ တည်ဆောက်ခြင်းလုပ်ငန်း၊ ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး၊ ပေါင်းနားရပ်ကွက် (၃) လမ်းရှိ၊ အုတ်ရေမြောင်း၊ အရှည် ၈၆ ပေ၊ အကျယ် ၂ ပေခွဲ၊ အမြင့် ၄ ပေ၊ ဌာနခွင့်ပြုငွေလုံးငွေရင်းရံပုံငွေကျပ် ၁၀ ဒဿမ၊ ၁၄ သန်းဖြင့် ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
သြဂုတ်လပထမပတ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ဆောင်ရွက်နေမှုများအား သတ်မှတ်ကာလတွင်၊အချိန်မီ တည်ဆောက်ပြီးစီးနိုင်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရန် ဆောင်ရွက်နေမှုများအား အနီးကပ်ကြီးကြပ်မှုများကြောင့် ယခုအခါရာနှုန်းပြည့်ပြီးစီးနိုင်ခဲ့သည့်အတွက် အဆိုပါကွန်ကရစ်လမ်းနှင့် အုတ်ရေမြောင်းတည်ဆောက်ပြီးစီးသည့်အတွက် မိုးတွင်းကာလတွင် ရေကြီးရေလျှံမှုများ လျော့နည်းစေခြင်း၊ မြို့ပြသန့်ရှင်းသာယာလှပစေခြင်း၊ ပြည်သူများအတွက် အဆင်ပြေစွာသွားလာနိုင်ခြင်း၊ ကုန်ထုတ်လမ်းကြောင်းဖြစ်သည့်အတွက် လွယ်ကူလျင်မြန်စွာဖြတ်သန်းသွားလာ သွားလာမှုလွယ်ကူ၍ ကုန်ထုတ်လုပ်မှု ပိုမိုမြန်ဆန်ကာ၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် တောင်သူများနှင့် ပြည်သူအားလုံး အကျိုးဖြစ်ထွန်းစေခြင်း၊ စသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
မောင်လွင်(စလင်း)