ဟင်္သာတမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဟင်္သာတ စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊  အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ပြည်ထောင်စု‌ခန်းမတွင် လျန်ချန်-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနမှပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေး ဗွီဒီယိုရှင်းလင်းပြသခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နေ့လယ်၂ နာရီက  ကျင်းပခဲ့သည်။

ရှေးဦးစွာ ဟင်္သာခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်ဦးက အဖွင့်အမှာစကားပြောကြားပြီးနောက် လျန်ချန် - မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာနမှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးဗွီဒီယိုအား ပြသပါသည်။ ဆက်လက်၍ ဟင်္သာတမြို့နယ် ဥပဒေအရာရှိ ဦးထွဋ်မြတ်ဦးက ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ ဥပဒေနှင့်ပတ်သက်သော အသိပညာပေးဟောပြောခြင်း၊ ဟင်္သာတမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်သိန်းက တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဟင်္သာခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့် အဖွဲ့ဝင်များ၊မြို့နယ် ဥပဒေအရာရှိ ဦးထွဋ်မြတ်ဦး၊ ဟင်္သာတမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်သိန်းနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ  (၂၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)