ငပုတောမြို့၌မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ လန်ချန်မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနမှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ငပုတော စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်း၍လန်ချန်၊ မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနမှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထားထားဦးက အဖွင့်အမှာစကားပြောကြားပြီး လန်ချန်၊ မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနမှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဗီဒီယို (၂) ခုအား ပြသပြီးမြို့မစခန်းမှူး စောဂျော်ဂန်စံမှ ရှင်းလင်းဆွေးနွေးပြောကြားကြားပြီး ကျောင်းသားး၊ ကျောင်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်လာမှုအပေါ် မြို့မစခန်းမှူးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)