ဒိုက်ဦး စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးအသိပညာပေးကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဆင်စခန်း)ကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မမက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုဦးစီးမှူးဒေါ်သိမ့်သိမ့်ဝင်းက ကလေးသူငယ်ကာကွယ်စောင့်ရှောက်ပိုင်ခွင့်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဆွေသက်အောင်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးသိကောင်းစရာ အသိပညာပေးဟောပြောပေးသည်။
ဆက်လက်၍ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်ပြသခြင်း၊ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်ကာ စာအုပ်၊ စာစောင်များကိုပြသဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား/သူများကစိတ်ဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)