ပဲခူး စက်တင်ဘာ ၉
ပဲခူးမြို့၌ ၂ဝ၂၅ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့တွင်ကျရောက်မည့် (၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့ အခြေခံပညာမူလတန်းလွန်ကျောင်း(အလင်းရောင်)တွင် ပြုလုပ်ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများပြုလုပ်ရာ၌ မြို့မရဲစခန်းမှ ဒုရဲမှူးစိန်လွင်ဦးဆောင်မှုဖြင့် အရာရှိ(၁၀)ဦး၊ တပ်ဖွဲ့ဝင်(၃၀)ဦးတို့က အခြေခံပညာမူလတန်းလွန်ကျောင်း(အလင်းရောင်)ကျောင်း ဥပဓိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းဝန်းအတွင်း၊ အပြင်များတွင် သန့်ရှင်းသာယာလှပစေရေး ပေါင်းမြက်များ၊ ခြုံနွယ်များ၊ အမှိုက်များ၊ သစ်ရွက်ခြောက်များအား ဖယ်ရှားရှင်းလင်းသန့်ရှင်းခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)