လပွတ္တာ စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့ အမှတ် (၄) ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ယနေ့နံနက် ၁၀ နာရီအချိန်က လပွတ္တာမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွာ (၈၄၆) ဦးအား လူမှုရေးပင်စင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။
လပွတ္တာမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်များချီးမြှင့်ပေးအပ်ရာ လပွတ္တာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်အိအိနွယ်နှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေး၍ အိုဗာတင်းနှင့် အာဟာရမုန့်များဝေငှခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)