ဆိပ်ဖြူမြို့ ပတ္တမြားဈေး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အမှိုက်စနစ်တကျစွန့်ပစ်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်

ဆိပ်ဖြူ စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ပတ္တမြားဈေး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အမှိုက်စနစ်တကျစွန့်ပစ်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းကို ယနေ့နံနက်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းစည်သူနှင့် ဈေးတာဝန်ခံဝန်ထမ်းများက ပတ္တမြားဈေးတွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ ဈေးလာရောက်ဝယ်ယူသူများအနေဖြင့် ပလတ်စတစ်သုံးစွဲကို လျှော့ချသုံးစွဲရေးနှင့် ဈေးအတွင်း သန့်ရှင်းသာယာရေးအတွက် စွန့်ပစ်အမှိုက်သရိုက်များ အမှိုက်အမျိုးအစားများအလိုက် စနစ်တကျစွန့်ပစ်ရေးတို့ကို အသိပညာပေးခြင်းနှင့် ဈေးသန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုဇွဲ(အညာမြေ)