ရွှေတောင် စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ ရွှေတောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက် ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ အဖွဲ့ဝင်များမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၁၂)၊ ရှမ်းတန်းကွင်းအတွင်းရှိ တောင်သူဦးတင်အောင်မိုး၏မိုးစပါး(အောင်နိုင်တိုး) လယ်မြေ(၅)ဧကတွင် မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ၏ကြီးကြပ်မှုဖြင့် ယူရီးယားသဘာဝမြေသြဇာ(ဘိုကာချီ)ရောပတ်ခြင်းအခမ်းအနား ဆောင်ရွက်နေမှုအခြေအနေများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင်အညီ အထွက် ကောင်းမျိုးများပြောင်းလဲစိုက်နိုင်ရေး၊ မြေသြဇာနှင့်ပိုးသတ်ဆေးတို့အား တက်ရောက်လာသည့်တောင်သူများကို စနစ်တကျသုံးစွဲစေရေးတို့အားဆွေးနွေးမှာ ကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် ရွှေတောင်ဆည်တွင် ဆည်ရေအမှတ်(၁၃၃.၆)ပေရောက်ရှိမှုအခြေအနေ၊ တမံပိုလွှဲနေရာမှရေကျော်နေမှုအခြေအနေများ၊ ပေါင်းချူပ်ကျေးရွာအုပ်စု၊ အင်ငူကျေးရွာနှင့်ထန်းကုန်းကျေးရွာအုပ်စု၊ဝါးတောသာကျေးရွာတို့တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့လျက်ရှိသည့် ကျေးရွာရေရရှိရေးလုပ်ငန်း၊ ၄.၅ OPVC ၅၄၀" တွင်းနက်ရေတွင်း၊ ရေမြှပ်ပန့်တပ်ဆင်ခြင်း၊ မီတာတပ်ဆင်ခြင်း၊ ဂါလံ(၂၄၀၀)ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်းလုပ်ငန်း (၄၀)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ယွန်းတန်းရပ်ကွက်၊ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရွှေတောင်မြို့မစျေးရုံ(ဃ)ရုံ အသစ်ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်း(Steel Structure) (၆၆"z၂၀"၁၁"x) ဆောက်လုပ်နေမှုအခြေအနေများကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါစစ်ဆေးရာသို့ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါအဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ရွှေ တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှဆောင်ရွက်ထားရှိမှုများအပေါ် ရှင်းလင်းတင်ပြခဲ့ရာ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးသိန်းအောင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ကိုကိုမင်း (ပြန်/ဆက်)