ပန်းတနော် စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့မွန်းတည့် ၁၂ နာရီအချိန်က အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာအလယ်တန်း ကျောင်းသား၊ ကျောင်းသူများအား "စာမတတ်သူပပျောက်ရေး ကျောင်းပြင်ပ ပညာရေးဖြင့် ဖြည့်ဆည်းပေး" "နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ဖို့ စာတတ်မြောက်ရေးကိုအားပေးစို့ "စာစီစာကုံးခေါင်းစဥ်များဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့်တို့မှ စာစီစာကုံးဝင်ရောက်ဖြေဆိုသူ (၃၅) ဦး ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)