အောင်လံ စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ သိရှိနားလည်စေရန်အတွက် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းကို ယမန်နေ့က ရွာမထုံးကျေးရွာအုပ်စု၊ ကျားသေကျေးရွာအုပ်စုနှင့် မောင်းမလှုပ်ကျေးရွာအုပ်စုတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ကျော်ဝင်းက မဲဆန္ဒရှင်ပြည်သူများအား (MEVM)မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို ပြည်သူများ သိရှိနားလည်စေရန် ရှင်းလင်းပြောကြားပေးခဲ့သည်။
ထို့နောက် တက်ရောက်လာသော မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် တစ်ဦးချင်း လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ကျေးရွာအုပ်စု (၃)အုပ်စုမှ အင်အား (၂၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အာကာ(အောင်လံ)