ကံမ စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ကံမ) မြဝတီခန်းမ၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ဗီဒီယို ကလစ် ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင် ဒေါ်သင်းနေခြည်အေးနှင့် ဒုတိယမြို့နယ် ဥပဒေအရာရှိ ဒေါ်မေသော်တာနိုင်တို့က ပြည်သူများ အင်တာနက်အွန်လိုင်းအသုံးပြု၍ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်ရန် Facebook ၊ Viber ၊ Telegram စသည်တို့ကိုအသုံးပြု၍ အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများသို့ လိမ်လည်စည်းရုံး ခေါ်ဆောင်သည့် နည်းလမ်းများအကြောင်းတို့အား အသိပညာပေး ဟောပြောခဲ့ပြီး လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာနမှ ပေးပို့ထားသည့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Video Clip (၂) ခုအား projector ဖြင့် ကျောင်းသား၊ ကျောင်းသူများအား ပြသခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)