မင်းတုန်း စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့(၃)ဖွဲ့ခွဲ၍ မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက တံတားကျေးရွာအုပ်စု၊ မင်းရွာကိုင်းကျေးရွာအုပ်စုနှင့် ဘူးတောင်းကျေးရွာအုပ်စုတို့တွင် ဆောင်ရွက်ခဲ့ကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက မဲပေးစက်(MEVM)နှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ် မဲပေးခြင်း ဆောင်ရွက်ရာ တံတားကျေးရွာအုပ်စုတွင် ပြည်သူ(၂၈၉)ဦး၊ မင်းရွာကိုင်းကျေးရွာအုပ်စုတွင် ပြည်သူ(၈၀)ဦးနှင့် ဘူးတောင်းကျေးရွာအုပ်စုတွင် ပြည်သူ(၉၅)ဦး တက်ရောက်ခဲ့ကြရာ တက်ရောက်လာသူများက မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ် မဲပေးခဲ့ကြပြီး မဲပေးမှုရလဒ်ကို အချိန်တိုအတွင်း စမ်းသပ်ထုတ်ပြန်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ချင်းကလေး(NRDC)