ညောင်တုန်းမြို့နယ်တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြပွဲကျင်းပ

ညောင်တုန်း စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က သဘာဝဘေးအမျိုးအစားများ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းနှင့် ဆောင်ရန်ရှောင်ရန်များ၊ မီးဘေး၊ မုန်တိုင်းဘေး၊ လေပြင်းဘေးအန္တရာယ်အတွက် ဆုံးရှုံးမှုသက်သာစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များ၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးနည်းလမ်းနှင့် ဆောင်ရန်ရှောင်ရန်များစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ချိုမီဇင်က စားသုံးသူအခွင့်အရေးနှင့် တာဝန်၊ စီးပွားရေးလုပ်ငန်းရှင်များ၏ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အာမခံပေးထားမှုအပေါ် တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များစသည့် ‌အကြောင်းအရာများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်‌ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကိုပြသခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)