ကျုံပျော် စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ကာ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စိုက်ပျိုးခြင်းအခမ်းအနားကို ကျုံပျော်မြို့ ပင်လုံရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ယမန်နေ့က ပြုလုပ်သည်။
ဦးစွာ ကျုံပျော်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက ကော်ဖီပင်စိုက်ပျိုးရခြင်းနှင့် အသုံးဝင်ပုံနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီတာဝန်ခံ ဦးဝင်းကျော်ထွန်းက ကော်ဖီစိုက်ပျိုးခြင်းနှင့် ရာသီဥတုအနေအထား၊ စိုက်ပျိုးမြေပြုပြင်ခြင်းနှင့် စိုက်ပျိုးနိုင်သည့်နေရာများ၊ ခူးဆွတ်အသုံးပြုနိုင်သည့် အချိန်ကာလ စသည်ဖြင့် ကော်ဖီစိုက်ပျိုးခြင်း နည်းပညာများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက ကော်ဖီစိုက်ပျိုးမည့် တောင်သူများထံသို့ ကော်ဖီပျိုးပင်များ အသီးသီးပေးအပ်ပြီး၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ၏ ကော်ဖီပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)