မင်းတုန်းမြို့တွင် MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

မင်းတုန်း စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းမှ ကြီးကြပ်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်တို့တွင် စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီက MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက MEVM မဲပေးစက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် MEVM မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်ရာ အမှတ်(၁)ရပ်ကွက်တွင် ပြည်သူ (၁၀၂)ဦး၊ အမှတ်(၂)ရပ်ကွက်တွင် ပြည်သူ (၁၄၆)ဦးနှင့် အမှတ်(၃)ရပ်ကွက်တွင် ပြည်သူ (၁၈၀)ဦး တက်ရောက်၍ လက်တွေ့မဲ့ပေးခဲ့ကြပြီး မဲပေးမှုရလဒ်ကို အချိန်တိုအတွင်း စမ်းသပ်ထုတ်ပြန်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ချင်းကလေး(NRDC)