ကျွန်းလှ စက်တင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ အကြမ်းဖက်ဖြစ်စဉ်ကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အမျိုးသားသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ လစဉ်ပုံမှန် ချီးမြှင့်ငွေထုတ်ပေးခြင်းကို စက်တင်ဘာ ၅ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ ယာယီနေရပ်စွန့်ခွာပြည်သူ (၆၀၉) ဦးအား ဧပြီ၊ မေ၊ ဇွန် သုံးလအတွက် တစ်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၁၂၁၈၀၀၀၀ ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်နှင့် ကော်မတီဝင်များက တစ်ဦးချင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ