လေးမျက်နှာ စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ(၈)ရက်နေ့နံနက်က ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် တာဝန်ရှိသူများသည် ဟင်္သာတခရိုင် မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းအောင်နှင့် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအောင်တို့သည် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန e-ID Server အတွင်းရှိ ၂၈-၁၂-၂၀၂၅ ရက်နေ့ရှိ ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်းကို ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မြေပြင်တွင် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများအားကြည့်ရှုစစ်ဆေးရာ မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်နှင့် အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနိုင်တို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ ဝန်ကြီးနှင့် တာဝန်ရှိသူများက လေးမျက်နှာမြို့ အမှတ်(၄)ရပ်ကွက်အတွင်း မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များက နေအိမ်များအရောက် ပုံစံ(၆၆/၆)ရှိ အသက် (၁၈) နှစ်အထက် လူဦးရေစာရင်း၊ အိမ်ထောင်စုအမှတ်စဉ်နှင့် မိသားစုအမှတ်စဉ်များကို နေရပ်လိပ်စာအတိုင်း နေထိုင်ခြင်းရှိ/မရှိ စာရင်းပြုစုခြင်း၊ သေဆုံးခြင်းစာရင်းများအတည်ပြုခြင်း၊ စာရင်းရှိသော်လည်း မြေပြင်တွင်နေထိုင်မှုမရှိသူများနှင့် စာရင်းမရှိနေထိုင်သူများ စာရင်းပြုစုခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
လေးမျက်နှာ(ပြန်/ဆက်)