ဧရာဝတီတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး အင်္ဂပူမြို့နယ်အတွင်း လူဦးရေစာရင်းစစ်ဆေးနေမှု ကြည့်ရှုစစ်ဆေး

အင်္ဂပူ စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ(၄)ရက်နေ့နေ့လယ်ပိုင်းက အင်္ဂပူမြို့နယ်အတွင်းရှိ ထူးကြီးမြို့၊ မဲဇလီကုန်းမြို့နှင့် အင်္ဂပူမြို့တို့တွင် လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ မြေပြင်အမှန်ရှိ လူဦးစာရင်းတိုင်ဆိုင်စစ်ဆေးနေမှုများအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် တိုင်းဒေသကြီးလမ်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးရန်နိုင်ဇော်၊  ခရိုင်စီမံခန့်ခွဲ့ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ့ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များကလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ထူးကြီးမြို့၊ မဲဇလီကုန်းမြို့နှင့် အင်္ဂပူမြို့များရှိ ရပ်ကွက်တို့တွင် မြေပြင်ကွင်းဆင်း၍ လူဦးရေစာရင်းစစ်ဆေးမှုနှင့် ပြောင်းဝင်၊ ပြောင်းထွက်၊ သေဆုံး၊ သာသနာ့ဝင်၊ ထောင်ကျစာရင်းများ ကွဲလွဲကျန်ရှိမှုမဖြစ်စေရေးအတွက် Server ဖြင့် တိုက်ဆိုင်စစ်ဆေးပြီး စာရင်းမှန်ရရှိရေးဆောင်ရွက်နေမှုအား ကြည့်ရှုကာ ပြည်သူများဖြင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ  ကျေးရွာအုပ်စုအလိုက် မြေပြင်အမှန်ရှိ လူဦးစာရင်းတိုက်ဆိုင်စစ်ဆေးနေမှုများအား ကြည့်ရှုအားပေးကာ လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။

မန်းကျော်(ပြန်/ဆက်)