ကျိုက်လတ်မြို့နယ်၌ စပါးမျိုးစေ့ချကိရိယာ (Drum Seeder) ထုတ်လုပ်နေသည့် စက်ရုံ၊ အလုပ်ရုံအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ကျိုက်လတ် စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ၆-မိဿလင်ကွင်း၊ ဦးပိုင်အမှတ် ၉၀၁/၇ တွင်ရှိသည့် စပါးမျိုးစေ့ချကိရိယာ (Drum Seeder) ထုတ်လုပ်နေသည့် စက်ရုံ၊ အလုပ်ရုံအား စက်တင်ဘာလ(၄)ရက်၊ နေ့လယ်ပိုင်းက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခရိုင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် မြို့နယ် စိုက်/တိုး/မြင့် အဖွဲ့ဝင်များသည် သော်မြန်မာကုမ္ပဏီမှ  စပါးမျိုးစေ့ချကိရိယာ ထုတ်လုပ်သည့်စက်ရုံ၊ အလုပ်ရုံသို့ ရောက်ရှိကာ စပါးမျိုးစေ့ချကိရိယာ (Drum Seeder) အစိတ်အပိုင်းများ အဆင့်ဆင့်ထုတ်လုပ်နေမှုအား အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း ဖြန့်ဝေပေးနိုင်ရေး အစွမ်းကုန်တိုးမြှင့်ထုတ်လုပ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)