ကျွန်းလှ စက်တင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံ လျာထားချက်ထက် ဧက ၂၆၀၀ ကျော်ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံ ၇၆၉၇၈ ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး ၇၉၆၆၀ ဧကစိုက်ပျိုးပြီးခြင်းကြောင့် ၂၆၈၂ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ စိုက်ပျိုးပြီးသော သီးနှံမျိုးစုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်ရရှိစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက ပိုးမွှားကျရောက်မှုကင်းထောက်ခြင်း၊ ပေါင်းမြက်ကင်းရှင်းခြင်း၊ မျိုးကွဲနုတ်ပယ်ခြင်း၊ ဓာတ်မြေဩဇာစနစ်တကျ အချိန်ကိုက်သုံးစွဲခြင်း စသည့်စိုက်ပျိုးဆိုင်ရာ နည်းပညာများ ကွင်းဆင်းအသိပညာပေးလျက်ရှိသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံမျိုးစုံ စိုက်ပျိုးမှုအဖြစ် စပါး ၃၄၀၉၉ ဧက၊ ပဲမျိုးစုံ ၁၆၉၆၀ ဧက၊ ဆီထွက်သီးနှံ ၇၃၂၄ ဧက၊ အခြားသီးနှံ ၁၉၇၂၈ ဧက၊ နှစ်ရှည်ပင် ၁၅၄၉ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စာရင်းများအရ သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)