ဝေါမြို့နယ် အထက တနော်ကျွန်းကျောင်း၌ ကျောင်းဆောင်သစ် ၇၅ ရာခိုင်နှုန်းခန့် ဆောက်လုပ်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

ဝေါ ဒီဇင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် အထက တနော်ကျွန်းကျောင်း၌ ကျောင်းဆောင်သစ် ၇၅ ရာခိုင်နှုန်းခန့် ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ဒီဇင်ဘာလ ၂၁  ရက်နေ့က တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ခုဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ရနံ့မွှေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေသော တနော်ကျွန်း ကျေးရွာ၊ အထကတနော်ကျွန်းကျောင်း ပေ (၉၀×၃၀) ကျောင်းဆောင်သစ် ၇၅ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးမှုအား ဝေါမြို့နယ် မဲဆန္ဒနယ်အမှတ်( ၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်နှင့် မြို့နယ်ပညာရေးရုံးမှ ဒုတိယမြို့နယ် ပညာရေးမှူး၊ ဝေါမြို့နယ် ဆောက်လုပ်ရေး ဦးစီးဌာနမှ အင်ဂျင်နီယာ ဒေါ်အေးဝင့်သူ၊ တနော်ကျွန်း ကျောင်းအုပ် ဆရာမကြီး၊ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ တနော်ကျွန်းကျေးရွာအုပ်စု ရပ်ကျေး အလုပ်အမှုဆောင်များနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)