ရေကြည်မြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြပွဲကျင်းပ

ရေကြည် စက်တင်ဘာ ၈

ယခုအခါ ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်အဖြစ် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လေ့ရှိသည့်အတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ရေကြည်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း အသုတ်မြို့ကျောင်းဝန်းအတွင်း၌ မီးဘေးကြိုတင်ကာကွယ် ရေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင်ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကောင်းထက်နိုင်ကမီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက အရေးပေါ်အသုံးပြုနိုင်ရန် မီးသတ်ဆေးဗူးအသုံးပြုပုံ၊ မီးချိပ်၊မီးကပ်၊ ရေပုံးများ၊ သဲအိတ်များ ထားရှိရေးနှင့် မီးဘေးအန္တရာယ် အထူးဂရုပြုလိုက်နာဆောင်ရွက်နိုင်‌ရေးအတွက် ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အမြန်ဆုံးမီးငြိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးအသုံး ပြု၍ငြိမ်းသတ်နည်းများကို မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)