ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်တာဝန်ရှိသူများ၊ ကြံခင်းမြို့နယ်အတွင်း လူဦးရေစာ​ရင်းတိုက်ဆိုင်စစ်ဆေးနေမှုအား ကြည့်ရှု

ကြံခင်း စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်စန်းချစ်၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၄ ရက်နေ့နံနက်ပိုင်းက ​ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ မြို့နယ်အတွင်းရှိ လူဦးရေစာ​ရင်းတိုက်ဆိုင်စစ်ဆေးခြင်းနှင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ မြေပြင်အမှန်ရှိ လူဦးစာရင်းတိုင်ဆိုင်စစ်ဆေးနေမှုများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်စန်းချစ်နှင့် တိုင်းဒေသကြီးလမ်းဦးစီးဌာန တိုင်းဦးစီးမှူးဦးရန်နိုင်ဇော်၊ ခရိုင်စီမံခန့်ခွဲ့ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌဦးဝင်းလှိုင်နှင့် အဖွဲ့ဝင်များက ရွာသစ်ရပ်ကွပ်၊ ရွှေတောင်ရပ်ကွက်တို့တွင်မြေပြင်ကွင်းဆင်း၍ လူဦးရေစာရင်းစစ်ဆေးမှုနှင့် ပြောင်းဝင်၊ ပြောင်းထွက်၊ သေဆုံး၊ သာသနာ့ဝင်၊ ထောင်ကျစာရင်းများ ကွဲလွဲ ကျန်ရှိမှုမဖြစ်စေရေးအတွက် ပဥ္စမမူကြမ်းနှင့် Server ဖြင့်တိုက်ဆိုင်စစ်ဆေးပြီး စာရင်းမှန်ရရှိရေးဆောင်ရွက်နေမှုအားကြည့်ရှုကာ ပြည်သူများဖြင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ မြို့နယ်မြေပြင်စာရင်းကောက်ယူရေးကြီကြပ်ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့်ဆယ်အိမ်မှူး၊ ရာအိမ်မှူးတို့က မြို့မရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ ရွှေတောင်စုရပ်ကွက်၊ ဘက်ရဲမြို့ရှိ အမှတ် (၁)နှင့်(၂)ရပ်ကွက်၊ တလိုင်းကွင်းကျေးရွာအုပ်စုတို့တွင် မြေပြင်အမှန်ရှိလူဦးစာရင်းတိုက်ဆိုင်စစ်ဆေးနေမှုများအား ကြည့်ရှုအားပေးကာ လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။

ဖြိုးဝေလင်း (ပြန်/ဆက်)